ငရုတ်ကောင်း မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်း (အ.ထ.က) စာစစ်ဌာနတွင် မတ်လ ၁၆ ရက် နံနက် ၉ နာရီအချိန်က ရှုပဗေဒဘာသာရပ်နှင့် သမိုင်းဘာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုင်နိုင်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ (အ.ထ.က) စာစစ်ဌာနတွင် ရှုပဗေဒဘာသာနှင့်သမိုင်းဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသားဦးရေ (၈၄) ဦး၊ ကျောင်းသူဦးရေ (၇၄)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၁၅၈) ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ(၇၁)ဦး၊ ကျောင်းသူဦးရေ (၇၁) ဦး၊ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၄၂)ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ (၁၃) ဦး၊ ကျောင်းသူဦးရေ (၃) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူဦးရေ (၁၆) ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ငရုတ်ကောင်း (ပြန်/ဆက်)