ကန်ကြီးထောင့်မြို့နယ်၌ မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များအား သတ်မှတ် စုံရက်/ မရက်အတိုင်း သွားလာခြင်းရှိ၊ မရှိစစ်ဆေး

ကန်ကြီးထောင့် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များအား သတ်မှတ် စုံရက်/ မရက်အတိုင်းသွားလာခြင်းရှိ၊ မရှိ စစ်ဆေးခြင်းကို မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကန်ကုန်းလမ်းဆုံတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များအား သတ်မှတ်စုံရက်/ မရက်အတိုင်း သွားလာခြင်း ရှိ၊ မရှိ၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များအား စုံ/မ အတိုင်း ရောင်းချခြင်းရှိ၊ မရှိ၊ တောင်သူသုံးအတွက် လိုအပ်သောစက်သုံးဆီများ သတ်မှတ်ချက်နှင့်အညီ ရောင်းချ ပေးခြင်းရှိ၊ မရှိ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ၊ မရှိနှင့် မလိုလားအပ်သောနေရာများသို့ စက်သုံးဆီများ မရောက်ရှိစေရေး ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)