ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပဉ္စမနေ့)အား ရှုပဗေဒဘာသာရပ်တွင် (၄၇၁) ဦး၊ သမိုင်းဘာသာရပ်တွင် (၁၄၁)ဉီး ဝင်ရောက်ဖြေဆိုလျက်ရှိ

ကြံခင်း မတ် ၁၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်အား မတ် ၁၅ ရက်နေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်း​​ဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၆၁၂)ဦး ရာခိုင်းနှုန်းအားဖြင့် ၉၇.၅၂ နှင့် စက်မှုစိုက်ပျိုးမွေးမြူရေးစာစစ်ဌာန (၁)ခုတွင် စက်မှုအတတ်ပညာဘာသာရပ်မှ ပေါင်းစပ်သိပွံဘာသာနှင့် သီးနှံထုတ်လုပ်ရေး(၃) ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ ၆၆ ဦး ရာခိုင်းနှုန်းဖြင့် ၉၈.၅၉ တို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ဆောင်ရွက်ကြသည်။ အဆိုပါ စာစစ်ဌာန(၅)ခုမှာ အ.ထ.က(၁) စာစစ်ဌာန၊ အ.ထ.က(ဘက်ရဲ) စာစစ်ဌာန၊ အ.ထ.က (မျောက်ချောကုန်း) စာစစ်ဌာန၊ အ.ထ.က (ရေနံတောင်) စာစစ်ဌာန၊ အ.ထ.က(ဆိပ်သာ) စာစစ်ဌာနတို့တွင် ဓာတုဗေဒဘာသာရပ်အား စာရင်းရှိ ကျား ၂၁၂ ဦး၊ မ ၂၇၁ ဦး၊ ဖြေဆိုသူ ကျား ၂၀၄ ဦး ၊ မ ၂၆၇ ဦး၊ စုစုပေါင်းဖြေဆို ၄၇၁ ဦး၊ ပျက်ကွက် ၁၂ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၉.၅၂) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်စာရင်းရှိ ကျား ၇၉ ဦး၊ မ ၇၃ ဦး၊ ဖြေဆိုသူ ကျား ၇၂ ဦး ၊ မ ၆၉ ဦး၊ စုစုပေါင်းဖြေဆို ၁၄၁ ဦး၊ ပျက်ကွက် ၁၁ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၇၆) ရာခိုင်နှုန်းရှိသည်။ အလားတူစက်မှုစိုက်ပျိုးမွေးမြူရေးစာစစ်ဌာနတွင် စာရင်းရှိ ၇၁ ဦး ၊ ဝင်ရောက်ဖြေဆိုသူ ကျား ၅၅ ဦး၊ မ ၁ ဦး၊ ပျက်ကွက် ၁ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(ပလကဖ)တို့က ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် စနစ်တကျကြီးကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)