အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက် ရတနာပင်စည်ဘုရားကြီးတပ်ဦးကျောင်းအတွင်း တည်ထားကိုးကွယ်သော ရတနာပင်စည် မိုဃ်းကောင်းစေတီတော်ကြီးအား ရတနာရွှေထီးတော် ဆပ်ကပ်လှူဒါန်းခြင်းနှင့် မကွေးတိုင်းဒေသကြီး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးဇော်လင်းထွန်း ဦးဆောင်၍ တပ်ဖွဲဝင်မိသားစုများ၊ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖ အလှူရှင်များမှ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းတို့တွင် အဖက်ဖက်မှ လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ငှက်ပစ်တောင်ကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် အ.ထ.က အိုင်သပြုကျောင်းဝန်းအတွင်းတွင် သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ဇွန် ၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jun 08,2026
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာ နေ့တိုင်းပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေး နေ့သတ်မှတ်၍ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီအချိန်က ချောက်မြို့မ​စျေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ အားပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် အခြားထုပ်ပိုးပစ္စည်းများဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မာလကာပင်စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။
Jun 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ပြုလုပ်ပေးခြင်းကို ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ ပတ္တမြားခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း၏ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community center ခန်းမတွင် ပြုလုပ်ခဲ့သည်။
Jun 08,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။