ရွှေပြည်သာမြို့နယ် တွင်ကိုဗစ် -၁၉ ရောဂါ အတည်ပြုလူနာ (၇၄)ဦး တွေ့ရှိ

ရွှေပြည်သာ ဇူလိုင် ၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဇူလိုင် (၅)ရက်နေ့ထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ (၇၄) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးမှ သိရသည်။

အဆိုအရ ပိုးတွေ့လူနာများအား အင်းတိုင်တွင်(၅)ဦး၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ)တွင် (၂၆)ဦး၊ ရိုးမရိပ်သာတွင် (၃)ဦးနှင့် ရွှေပြည်သာပြည်သူ့ဆေးရုံတွင် (၄၀)ဦးထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ရွှေပြည်သာမြို့နယ်ရှိ အစာစပ်စက်ရုံတွင်(၉၀) ဦး ၊ ရဲအကြပ်အတတ် သင်တန်းကျောင်းတွင် (၂၅)ဦး စုစုပေါင်း (၁၁၅)ဦးအား ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက လိုအပ်သော  ကူညီစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။