ကျောက်တံခါး ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ၄ရက်နေ့ ညနေ၆နာရီအထိ ပိုးတွေ့လူနာအချုပ်သား (၇)ဦး အပါအဝင် လူနာအသစ်(၇၆)ဦးရှိကြောင်း သိရသည်။ ဇွန်လ(၂၅) ရက်နေ့မှစ၍ ယနေ့အထိ ကိုဗစ်ပိုး တွေ့ရှိသူ(၁၃၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့် ထိတွေ့ ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၇၆)ဦးသည် မြို့နယ်ရဲစန်းမှ အချုပ်သား(၇)ဦး စာတိုက် ရပ်ကွက်မှ (၁)ဦး၊ မင်းတန်းကျေးရွာ(၃၅)ဦး၊ ဒိုးတန်းကျေးရွာ(၁)ဦး အောင်မြင်ကျေးရွာအုပ်စုမှ(၂၂)ဦး၊ ပဲနွယ်ကုန်းမြို့(၈)ဦး၊ မြို့ချောင်းကျေးရွာ(၂)ဦး ဖြစ်ပြီး ယခုအခါ ကျောက်တံခါးမြို့နယ်တွင် ပိုးတွေ့ လူနာစုစုပေါင်း (၁၃၈)ဦးအထိ ရှိလာပြီးဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအား ပြည်သူများ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ(၇၆)ဦးအား သက်ဆိုင်ရာ ဒေသရှိ တိုက်နယ်ဆေးရုံးများနှင့် မြို့နယ် ပြည်သူ့ဆေးရုံတို့တွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။
စန်းစန်း