Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိ

 

ရွှေပြည်သာ   ဇူလိုင်   ၆

 ကိုဗစ် -၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့်   ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊   အမှတ်(၁၂)ရပ်ကွက်၊ ကံ့ကော်လမ်း ရှိ   အမှတ်(၂၅ ) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက်( ၈) နာရီ အချိန်က ရွေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခိုင်ခိုင်ယုနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက  ကျောင်းသား၊ ကျောင်းသူများ အား  Mask Campaign ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် (Mask  ) နှာခေါင်းစည်းတပ်ဆင်ရန်   လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများအား  (Mask)  များတပ်ဆင်စေခြင်း၊ ကိုယ်ပူချိန်တိုင်းပေးခြင်း၊ လက်ကို    စနစ်တကျ     ဆေးပေးခြင်းများဆောင်ရွက် ပေးခဲ့ပြီး အပြင်ထွက်သည့်အခါ တိုင်းနှာခေါင်းစည်း( Mask )တပ်ဆင်၍ ထွက်ကြရန်၊ လက်ကို မကြာ

ခဏ ဆေးကြောရန်၊လူစုလူဝေးများ ရှောင်ရှားကြရန်၊ တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ရန်၊  ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်   လမ်းညွှန်ချက်များအတိုင်း   လိုက်နာကြရန်၊   ကြက်ခြေနီအသင်းနှင့် ပတ်သက်၍ လိုအပ်သည့် အကူအညီများရှိပါက အချိန်မရွေး ဆက်သွယ်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်  ရွေပြည်သာမြို့နယ်  ကြက်ခြေသူနာပြုတပ်ဖွဲ့ဝင်များက   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ပြားလာသည့်အတွက် ကျောင်းများသို့  လှည့်လည်၍  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေး      အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 အေးမိုး