ကျောက်မဲ ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် နောင်ပိန်ကျေးရွာအုပ်စုမှ အသက် ၉၄ နှစ်ရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းတွင် ဇွန်လ ၂၂ ရက်နေ့မှစ၍ ဇူလိုင်လ ၄ ရက်နေ့အထိ စာရင်းအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၇၆ ဦးရှိပြီဖြစ်ပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထဲမှ သေဆုံးသူတစ်ဦးရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းထွန်း