ရန်ကုန် ဇူလိုင် ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကျေးလက်ဒေသ စိမ်းလန်းစိုပြေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နန်းမြို့တော်ကုမ္ပဏီနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက သန်လျင်မြို့ သူဌေးကွင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဥဦးစီးမှူး ဒေါ်အေးအေးကြူနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦစီးမှူး ဒေါ်ခင်နှင်းချိုနှင့် မြို့နယ်ရုံးဝန်ထမ်းများ၊ နန်းမြို့တော်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီဝန်ထမ်းများ၊ သူဌေးကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ ကျေးလက်ဒေသစိမ်းလန်းစိုပြေရေးအတွက် သူဌေးကွင်းကျေးရွာရှိ ကုန်ထုတ်မြေသားလမ်းမဘေး ဝဲ/ ယာတွင် မန်ဂျန်ရှား ၃၅၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အလားတူ သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ ဖားကူးအရှေ့ကျေးရွာရှိ ကုန်ထုတ်မြေသားလမ်းမဘေး ဝဲ/ ယာတွင် ကျွန်းပင်၊ မဟော်ဂနီပင်၊ ပျဉ်းမပင်၊ ပိတောက်ပင်နှင့် မန်ဂျန်ရှားပင် အပါအဝင် ပျိုးပင်ပေါင်း ၂၅၀ အား ကျေးလက်ဒေသ စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း