အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃နာရီက ကျိုက်မ​ရောမြို့နယ်၊လက်ပံကျေးရွာ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြ​ကျေးရွာ ဧက (၃၀၀) စပါးစိုက်ခင်းအား ကြည့်ရှုစစ်​ဆေးခဲ့သည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၆ရက်နေ့အထိကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိသူ (၁၇၄) ဦးရှိခဲ့ပြီး ဇူလိုင် ၆ရက်နေ့တွင် ၁၂ဦးထပ်မံစစ်ဆေးတွေ့ရှိသဖြင့် မြို့နယ်အတွင်း ဇူလိုင် ၆ ရက်နေ့အထိ ရောဂါပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာ‌စုစုပေါင်း ၁၈၆ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ပေါင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Jul 06,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ဇူလိုင် ၆ ရက် ၊ ယနေ့ နံနက်ပိုင်းက ကျေးရွာလူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် ကျေးရွာအရောက်ကွင်းဆင်းပြီး ကျေးလက်နေပြည်သူများထံ အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Jul 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ယမန်နေ့ ညနေပိုင်း (၄) နာရီ အချိန် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၃၃)ဦးအား RDT test kit ဖြင့် စစ်ဆေးခဲ့ရာ လဟယ်မြို့နယ် ဟွေကွန်ကျေးရွာနေ အသက်(၁၉)နှစ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။
Jul 06,2021
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် လိပ်သိုမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၄-၇-၂၀၂၁) ရက်နေ့ထိ(၁၃၁)ဦးရှိပြီးဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှသိရှိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌‌ ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီ အချိန်က Mask တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Jul 06,2021
နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်းနှင့် မှိုမျိုးထုပ်ပြုလုပ်နည်းသင်တန်းဆင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
Jul 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဇူလိုင်လ(၅)နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း(၈)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။