မိုးမိတ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်

မိုးမိတ်  ဇူလိုင် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်က ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် မူကြိုကျောင်းအား ယခင်ကထက် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းစာရွက်စာတမ်းများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ဘဏ္ဍာရေးမှူး ဦးအောင်ထွန်း တို့က လွှဲပြောင်းပေးအပ်ခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခမ်း၊ မြို့နယ် ဦးစီးမှူး ဒေါ်ချောစုဝင်းတို့က လက်ခံရယူခဲ့ကြသည်။

ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းဘဏ္ဍာရေးမှူးက ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)