ကဝ ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ နှင့် ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကဝမြို့နယ် အင်းဝ ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မှုအခြေအနေ၊ စာရင်းဇယားများရေးသွင်းမှု၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အတိုးရငွေဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းတို့အား ယမန်နေ့ နံနက်(၁၀)နာရီတွင် သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါက ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များအား စီမံကိန်းစာရင်းဇယားများ၊ အစည်းအဝေး မှတ်တမ်းများအား သေချာစွာပြုစု၍ လအလိုက် စနစ်တကျ ရေးသွင်းမှတ်တမ်းတင်ရန် မှာကြားခဲ့ကြောင်း သိရသည်။