ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၂ ဦး ထပ်မံတိုးလာ၍ အတည်ပြု လူနာပေါင်း ၁၈၆ ဦးအထိရှိ

ပြည် ဇူလိုင် ၆
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုး စစ်ဆေး တွေ့ရှိသူပေါင်း(၁၇၄)ဦးရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့တွင် ၁၂ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် ရောဂါပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း ၁၈၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
 
ဇူလိုင် ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်မြို့ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသသူ အနံ့ပျောက်(၁၄) ဦးအနက်(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် ပြည်မြို့ သူနာပြုသင်တန်းကျောင်း Facility Quarantine Center နှင့် Hotel Quarantine များတွင် အသွားအလာ ကန့်သတ်ထားရှိသူ (၇၃)ဦးအား RDT ဖြင့် စစ်ဆေးခဲ့ရာ (၈)ဦး ရောဂါပိုးတွေ့ရှိသဖြင့် ပြည်မြို့နယ်တွင် ဇူလိုင် ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ (၁၂)ဦး တိုးလာပြီး အတည်ပြုလူနာစုစုပေါင်း (၁၈၆)ဦးအထိ ရှိလာပြီဖြစ်ကြောင်းနှင့် အတည်ပြု လူနာများကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးကုသ ဆောင်ရွက်ပေး လျက်ရှိပြီး Facility Quarantine Center နှင့် Hotel Quarantine များ၌ အသွားအလာကန့်သတ် ထားရှိသူများကိုလည်း စောင့်ကြည့်စစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရ သည်။
 
ကိုဆက်