ဘားအံမြို့တွင် Mask Campaign ပြုလုပ်

ဘားအံ  ဇူလိုင်  ၆

ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ်ရှိ ပြည်သူများအား  ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် (၈)အချိန်က ဘားအံမြို့အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁)အဆင့်မြင့် စံပြဈေးတွင် ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် သေဌမာန်အောင်ဘုရားကြီးရှေ့၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ အမှတ်(၁)အဆင့်မြင့်စံပြဈေးသို့ လာရောက်သော ပြည်သူများ၊ ဈေးရောင်းဈေးဝယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးအတွက် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်