အုတ်ဖို ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လျက်ရှိရာ ယမန်နေ့ ည ၁၁ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၁၀၃)ဦးထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကို ဇွန်လ ၃၀ ရက်နေ့မှ စတင်တွေ့ရှိခဲ့ တာဖြစ်ပြီး တွေ့ရှိသူများတွင် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်း၊ မြေစာရင်း ဝန်ထမ်းများနှင့် လူမှုရေးအသင်းဝင် များအပါအဝင် ၆ ရက်အတွင်း (၁၀၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ရောဂါပိုးရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့် ဆောင်တွင် ထားရှိကုသ လျက်ရှိပြီး ပိုးတွေ့လူနာ များပြားလာသည့်အတွက် အထူးကြပ်မတ်ဆောင် ထပ်မံပြင်ဆင်ဆောင် ရွက်လျက်ရှိရာ လူနာထားရှိရန် ကုတင်များလည်း လိုအပ်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။ ထိစပ်သူများကို သီတဂူစက္ခုဒါနဆေးရုံနှင့် အားကစားခန်းမတို့တွင် ကန့်သတ် ထားရှိပြီး ထိစပ်သူများလာပါက ကန့်သတ်ထားရှိရန် သာသနရက္ခိတ မှန်ကျောင်းကျောင်းတိုက် အမျိုးသား ယောဂီဆောင်တွင် ထပ်မံပြင်ဆင်ထား ရှိပြီးဖြစ်ကြောင်း၊ မြို့တော်ခန်းမတွင်လည်း ဆက်လက် ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို မြို့နယ်တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အောင်သူ(အုတ်ဖို)