ပဲခူး ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ယမန်နေ့ ညနေ့ ၃ နာရီ အချိန်က ပဲခူးမြို့နယ်အတွင်းသို့ လိုက်လံ ကြေညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လိုက်လံကြေညာရာတွင် ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ (၃၈၅)ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ထိစပ်လျက်ရှိသော မြို့နယ်များ တွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများရှိနေသည့်အတွက် မိမိတို့မြို့နယ် အတွင်းသို့ မကူးစက်စေရန် အထူးဂရုပြု သွားလာ နေထိုင်ကြရန်၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များ စနစ်တကျ သွားလာကြ ရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ် ကြရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ ခပ်ခွာခွာနေထိုင်ကြရန်စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန် ပဲခူးမြို့နယ် အထွေထွေဦးစီးဌာနမှ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။
မျိုးငြိမ်း