ဘားအံ ဇူလိုင် ၆
ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဘားအံမြို့နယ် ကော့တရုတ်ရကျေးရွာအုပ်စု ခလောက်နိုင်း ကျေးရွာရှိတကုံးပနော် ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်နိုင်နှင့် ဝန်ထမ်းများက ခလောက်နိုင်းကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်သူ အသက်(၁၆)နှစ်အထက်နှင့် အသက်(၁၈)အောက် (၂၅)ဦး ကိုလည်းကောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးနှင့်အထက်(၁၆၀)ဦး၊ စုစုပေါင်း(၁၈၅)ဦးနှင့် အသက် (၁၈) နှစ်ပြည့်လဲလှယ်နှင့် ပျောက်ဆုံး(၅)ဦးတို့ကိုလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြား များ(အခမဲ့) ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များပြုလုပ်ဆောင်ရွက်ပေးခြင်းကို သတ်မှတ်ကာလအတွင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဘားအံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်နိုင်ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)