နောင်တရားမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေ

နောင်တရား ဇူလိုင် ၆

COVID-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့အဝင်၌ ယနေ့ နံနက်ပိုင်းတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်သည်။

နောင်တရားမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်မောင်းများနှင့် ဒေသခံ ပြည်သူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုစေရန် နှာခေါင်းစည်း(Mask) အခု(၅၀၀) ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

ကူးစက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာ ရေးဝန်ထမ်းများ ပူးပေါင်း၍ COVID-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်အောင်