တောင်ကြီး ဇူလိုင် ၆
ကမ္ဘာနှင့်တစ်ဝှမ်း COVID-၁၉ ရောဂါများ ကူးစက်ပြန့်နှံ့ခံစားလျက်ရှိရာ ယခု တတိယအကြိမ်တွင် ပိုမိုကူးစက် ပျံ့နှံ့ လျက်ရှိနေသောကြောင့် COVID-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် Mask campaign ပြုလုပ်ခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီး- ကျောက်တစ်လုံးသွား ကားလမ်း အဝေရာမီးပုံးပျံကွင်းထိပ်နေရာ၌ တောင်ကြီးမြို့တွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ် မောင်းများ၊ ဆိုင်ကယ်စီးနင်းသူများ၊ ဈေးလာရောက်ဝယ်ယူသူ ဒေသခံပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ COVID-၁၉ ရောဂါ အသိပညာပေးဟောပြောခြင်း Mask campaign ပြုလုပ်ရာတွင် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းထွေးနှင့်အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဒေါ်ခင်မို့နှင့် တပ်ဖွဲ့ဝင်များမှ Mask အခုရေ (၅၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း