နမ့်စန်(တ) ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်(၂)ရပ်ကွက် နေ အသက် (၄၇)နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ၎င်း၏သားဖြစ်သူ (၁၇)နှစ်အရွယ် အမျိုးသား ၁ ဦး စုစုပေါင်း ၂ ဦးသည် အနံ့မရရှိသဖြင့် ယနေ့ မွန်းလွဲ ၁နာရီ ခွဲ ၌ မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ၂ ဦးလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့ရှိခဲ့သူ ၂ ဦး ကို မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ သံဃာဆေးကုသဆောင်တွင် သီးသန့်ထားရှိကုသလျှက်ရှိကာ ၎င်းတို့နှင့်အတူနေမိသားစုဝင်များ ၊ ထိတွေ့မှုရှိခဲ့သူများအား အသွားအလာကန့်သတ်ထားရှိနိုင်ရေးအတွက် အမြန်ဆုံးစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)