ကော့ကရိတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

ကော့ကရိတ် ဇူလိုင် ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်၌ မိုးဦးကာလအတွင်း ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ခြင်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက် ရှမ်းပိုင်းရပ်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကော့ကရိတ်ခရိုင်ကျန်းမာရေးဦးဌာနမှ ကြီးကြပ် (၁) ဦးစောကပေါ်စေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ယာယီတပ်ခွဲမှူး ဦးအောင်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ရှမ်းပိုင်းရပ် နေအိမ်များရှိ ရေတိုင်ကီ၊ ရေစည်များ၊ ရေအိုးများတွင် ခြင်ပေါက်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းနှင့် ရေလှောင်ကန်များတွင် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို အိမ်တိုင်ရာရောက် လိုက်လံ ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စောအောင်မျိုးလွင်