မူဆယ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ချိုဦးမှ မူဆယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလတွင် ရောဂါပိုးတွေ့ရှိသူများနှင့် Contact Persons များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် (ICU Room) (Isolation Ward) Community Based Facility Quadrant နေရာများ တိုးချဲ့ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။ အဆိုပါအစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အယ်လ်စိုး (မူဆယ်)