အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြု လူနာ ၅၁ ဦးရှိကြောင်း သိရသည်။
Jul 13,2021
သံတွဲမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကူးစက် ပြန့်ပွါး လျက်ရှိရာ ရောဂါပြန့်ပွါးမှုကို ကာကွယ် ထိန်းချုပ်နိုက်ရန်အတွက် ဒွါရာဝတီမြို့မစျေးအား ဇူလိုင် ၁၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှစ၍ ယာယီပိတ်သိမ်းထားကြောင်းသိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် လူမှုရေး အသင်းအဖွဲ့များက ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်ညှိနှိုင်းဆွေး နွေးပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jul 13,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား (Home Garden) စိုက်ပျိုးရန် အတွက် မျိုးစေ့များထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဇူလိုင်လ (၄) ရက်နေ့က မိုင်းပန်မြို့၊ အလယ်ရပ်ကွက်တွင်နေထိုင်သူ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၂) ဦးတွင် COVID-19 ရောဂါပိုးစတင်ပိုးတွေ့ရှိပြီး ပိုးတွေ့ရှိသူ၏ အတူနေ မိသားစုနှင့် ထိတွေ့ခဲ့သူများအား RDT Test Kit ဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ ဇူလိုင်လ (၅) ရက်နေ့တွင် မိသားစုဝင် (၆)ဦး၊ ဇူလိုင်လ (၇) ရက်နေ့တွင် (၁)ဦး နှင့် ဇူလိုင်လ (၈) ရက်နေ့တွင် (၁)ဦး စုစုပေါင်း (၁၀)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ ကွမ်းလုံမြို့နယ် ၊ ကုန်းညောင်ကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး သည် ကျန်းမာရေးမကောင်းသဖြင့် ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာနှင့် Contact ရှိခဲ့သည့် အမျိုးသမီး ၆ ဦးအား မိုးနဲမြို့၊ နာဟောင်ရပ်ကွက်၊ အမှတ်(၈၃)မိုးကုတ်ဝိပဿနာရိပ်သာ Quarantine Center တွင် ဇူလိုင် ၁၂ ရက်နေ့ကထားရှိ စောင့်ကြည့်ခဲ့ပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ လွိုင်မြေရပ်ကွက် အုပ်စု (၂)နေ အသက် ၆၃ နှစ် အရွယ်အမျိုးသမီးတစ်ဦးတွင်း ကိုဗစ်-၁၉ ရောဂါပိုး Positive တွေ့ရှိကြောင်း သိရှိရသည်။