မင်းလှ ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ် ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မင်းလှလူမှုကယ်ဆယ်ရေးအသင်းက ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစား နေရသော အရေးပေါ်လူနာများ အသုံးပြုနိုင်ရန်အတွက် အောက်စီဂျင်အိုးများ အဆင် သင့် ရရှိရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အောက်စီဂျင်အိုးများ ရရှိရေးကို ဆောင်ရွက်နေသော မင်းလှလူမှု ကယ်ဆယ်ရေးအသင်းထံသို့ မြို့ခံပြည်သူများနှင့် ရပ်ဝေးပြည်သူများက အောက်စီဂျင်အိုးနှင့် အောက်စီဂျင်ဝယ်ယူရန်အတွက် တန်ဖိုး ငွေများကို အဆက်မပြတ် လာရောက်လှူဒါန်းပေးခြင်းနှင့် ရေသန့်၊ ကြက်ဥ၊ နှာခေါင်းစည်း စသည့် ပစ္စည်းများ လှူဒါန်းပေးခဲ့လျက်ရှိရာ မင်းလှလူမှု ကယ်ဆယ်ရေး အသင်းက လက်ခံရယူကာ ကျေးဇူးတင် စကားများ ပြောကြားခဲ့သည်။
ယနေ့ထိ အောက်စီဂျင်ဝယ်ယူရန် စုစုပေါင်းငွေကျပ် (၅၅၄၆၅၀၀) ရရှိခဲ့ပြီး ဝယ်ယူပြီး သုံးစွဲပြီး ငွေကျပ် (၂၆၅၆၅၀၀)ရှိကြောင်း ကျန်ငွေကျပ် (၂၈၉၀၀၀၀) ကို အောက်စီဂျင်ဝယ်ယူရန် ချိတ်ဆက် ဆောင်ရွက် လျက်ရှိကြောင်း၊ လှူဒါန်း လိုပါက မင်းလှလူမူကယ်ဆယ်ရေးအသင်းအဖွဲ့ ဖုန်း ၀၉-၄၂၀၀၄၀၃၇၀၊ ၀၉-၄၂၃၇၀၆၆၈၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ပေါက်စ