နမ့်ခမ်းမြို့၌ တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားကွင်း အဆောက်အဦးအား (၅၀)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

နမ့်ခမ်း   ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ရပ်ကွက်(၁၀)၊ မြို့မစျေးအနီး၌ တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားကွင်း အဆောက်အဦးအား တည်ဆောက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန် က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်ထောင်စုရံပုံငွေ ကျပ်(၂၉၅)သန်းဖြင့် အရှည်(၁၂၀)ပေ၊ အကျယ်(၉၀)ပေ၊ (A)အဆင့်  အားကစားရုံ Steel Structure (၁)ထပ် တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားကွင်းကို Timeless Myanmar ကုမ္ပဏီလီမိတက် က တာဝန်ယူ တည်ဆောက်လျက်ရှိပြီး အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းတွင် (၅၀)ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း သိရသည်။

အဆောက်အဦ တည်ဆောက်ရာတွင် သက်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစုစန္ဒာလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဘဦး (ပြန်/ဆက်)