လားရှိုးတက္ကသိုလ်မိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်(၁၀)သိန်း လှူဒါန်း

လားရှိုး ဇူလိုင် ၁၅

လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် အလှူရှင်များ က အလှူငွေများ နေ့စဉ်လှူဒါန်းလျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းအချိန် က လားရှိုးတက္ကသိုလ် မိသားစုမှ ငွေကျပ်(၁၀)သိန်း လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။

လားရှိုးမြို့တွင် ဇူလိုင်လ (၁၄)ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း (၉၂၇)ဦး၊ ဆေးရုံဆင်းသူ ဦးရေ စုစုပေါင်း (၅၃၅)ဦး၊ သေဆုံးဦးရေ စုစုပေါင်း (၄၁)ဦးရှိကြောင်း ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

ဥမ္မာချို