လောက်ကိုင် ဇူလိုင် ၁၅
လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ရုံးအဖွဲ့သည် ယနေ့နံနက် (၁၁:၀၀) နာရီအချိန် က ရောဂါကြိုတင်ကာကွယ်မှုများကို စစ်ဆေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသရုံးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် အချက်အလက်များ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာနေထိုင်မှု ရှိ/မရှိ လုပ်ငန်း လမ်းညွှန်နှင့်အညီ နေထိုင်လုပ်ကိုင်သွားလာရန် အသိပေးခြင်း၊ သတိပေးခြင်း၊ မိသားစု စီမံချက်အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား ရှင်းလင်းမှာကြားခြင်း မိမိရုံးဌာနကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရုံးဌာနများသို့ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လောက်ကိုင် (ပြန်/ဆက်)