ဘိုကလေးမြို့နယ်အတွင်းမှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်

ဘိုကလေး ဇူလိုင် ၁၅
 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ နေ့စဉ်နှင့်အမျှ ကူးစက်မှုနှုန်း တိုးပွားလာပြီး အတည်ပြု လူနာများ ပိုမိုများပြားလာသည်နှင့်အမျှ ထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းမှ စားသောက်ဆိုင် များ၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့် မပြုတော့ဘဲ ဇူလိုင်(၁၆)ရက်နေ့မှ စတင်၍ နံနက်(၆)နာရီမှ ည(၈)နာရီအထိ ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် ၎င်းဆိုင်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အသိပေး ဆောင်ရွက်ထားသည်။
၎င်းအသိပေးချက်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေ ရေး အတွက်လည်း မြို့နယ်အတွင်း အသံချဲ့စက်များဖြင့် လိုက်လံကြေငြာထား ရှိကြောင်းနှင့် လိုက်နာဆောင်ရွက်မှု မရှိသည့် ဆိုင်များ အား ကူးစက်ပြန့်ပွား ရေး ဥပဒေ၊ စည်ပင်သာယာရေး အဖွဲ့ဉပဒေများနှင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မိုးစက်(ဘိုကလေး)