သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့လူနာ(၂၉)ဦး ထပ်မံတွေ့ရှိပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်း(၃၃၁)ဦး အထိရှိလာ

သီပေါ  ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၉)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ     သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံနှင့် နမ့်လန်တိုက်နယ်ဆေးရုံ တို့တွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူ(၆၆)ဦး အား C Antigen RDT  Test Kit ဖြင့်ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်း (၂၉)ဦး တို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား သီပေါမြို့နယ်ပြည်သူ့ဆေးရုံနှင့် နမ့်လန် တိုက်နယ်ဆေးရုံရှိ သီးသန့်ကုသကြပ်မတ်ဆောင် (Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက် ထားရှိကြောင်း နှင့် ၎င်းပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ(၃၅)ဦးတို့အား Home Quarantineနှင့်  Quarantine  Centre တို့တွင် အသီးသီး ထားရှိကြောင်းသိရသည်။

သီပေါမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၃၃၁)ဦးပြီး၊ သေဆုံးသူ(၁၁)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး