ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်လူနာများအတွက် ပြည်ပမှတင်သွင်းရောက်ရှိလာသော အောက်ဆီ ဂျင်များ ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများသို့ ခွဲဝေပေးရေးဆွေးနွေး

ရန်ကုန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှတင်သွင်း ရောက်ရှိလာသော အောက်ဆီဂျင်များ ခွဲဝေပေးရေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးစီမံအုပ် ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၃ နာရီ ကပြုလုပ်သည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လှစိုး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီးဝင်းတင့် ၊ ဦးဇော်ဝင်း၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သီတာလှနှင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း ၊ အလှူရှင်များ၊ LiquidOxygen အရည်ကို သိုလှောင်ကန်များသို့ ဖြည့်သွင်းသည့် နည်းစနစ်ပညာရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ ယခုတက်ရောက်လာသော သူများသည် ပြည်သူများ၊  ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများတွင် တက်ရောက်ကုသခံနေသော လူနာများနှင့် ပြည်သူ့များလိုအပ်နေသော အောက်ဆီဂျင်ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားနေကြသူများ ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင်တပ်မတော် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တို့ ပူးပေါင်း၍ အချိန်ကိုက်စနစ်တကျဖြစ်စေရန် နည်းစနစ်ပိုင်းများအတွက် အောက်ဆီဂျင်နည်းပညာရှင်များ ၊ အလှူရှင်များ၏ ငွေအားလူအား အကူအညီများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် ဦးစားပေးဖြည့်တင်းပေးရမည့်ဆေးရုံများ ၊ စင် တာများနှင့် လိုအပ်ချက်အခက်အခဲများ မဖြစ်ပေါ်စေရေး ဆွေးနွေးအကြံပြုပေးကြရန် ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လတ်တလော အခြေအနေတွင် ကိုဗစ် - ၁၉ ကူးစက်ရောဂါကူးစက်မှုသည် များပြားလာကြောင်း၊ ထပ်မံကူးစက်မှုလည်း ရှိလာနိုင်ကြောင်း ၊ ထို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး ၊ မြောက်ဥက္ကလာပဆေးရုံကြီး ၊ ဝေဘာဂီဆေးရုံ ၊ သင်္ဃန်း

ကျွန်းဆေးရုံကြီး တောင်ဥက္ကလာပဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီးများတွင် ကိုဗစ်လူနာများ ထားရှိ ကုသပေးလျက်ရှိ​ရာ ထိုဆေးရုံများနှင့် အင်းစိန်ဆေးရုံကြီး ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ၊ ရန်ကုန် အနောက်ပိုင်း ဆေးရုံကြီးနှင့်အင်းယားစင်တာများကို ဦးစားပေးအဖြစ် ပေးဝေရန်နှင့်ပြည်သူများ အောက်ဆီဂျင်အိုး အလွယ်တကူ ဖြည့်တင်းနိုင်ရေး စီစဉ်ပေးပါရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်သူဆေးရုံများနှင့်ကိုဗစ် ကုသရေးစင်တာများနှင့် ပြည်သူများထံသို့ အောက်ဆီဂျင်အိုးများ ဖြည့်တင်းပေးနိုင်မည့် အစီအစဉ်များကို အကျယ်တဝင့် ဆွေးနွေးကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ စေတနာရှင်အလှူရှင်များ ပြည်ပမှတင်သွင်းလာသော Liquid Oxygen မက်ထရစ်တန် ၂၀ သယ်ဆောင်လာသောကား ၂ စီး ရန်ကုန်သို့ ယနေ့ညရောက်ရှိလာကြောင်း သိရသည်။

 

ဆန်းကျော်ဦး