ဂွမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် 

ဂွ  ဇူလိုင်   ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ယာယီပျံကျစျေးနှင့် လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်မှု၊ ဖြင့် ဂွမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့ များက ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းရှိ/မရှိစစ်ဆေးပြီး၊(Mask) အခု(၅၀၀) ကိုအခမဲ့ဖြန့်ဝေ၍ တပ်ဆင်စေခြင်းနှင့် ဒုတိယအကြိမ်ထပ်မံတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေး နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြား ချက်များနှင့်အညီ  နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာ နေခြင်း၊ ဖျားခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း ၊ အားအင် ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသ ကြရန်  လိုအပ်ကြောင်း စသည့် အချက်(၁၄) ချက်ပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတို့မှ  မြို့ပေါ် ရပ်ကွက်များတွင်း ယမန်နေ့ ညနေပိုင်းက လိုက်လံကြေညာကာ အသိ ပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်း