အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ခုနှစ်ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ယနေ့ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Jul 23,2021
နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ကူးစက်လူနာ တိုးပွား လာပါသဖြင့်အရေးပေါ်လိုအပ်လျက်ရှိသော အောက်စီဂျင်ဗူးများနှင့် ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးများကို စေတနာရှင် လုပ်ငန်းရှင်များကလည်းအဆက်မပျက် လာရောက်လှူဒါန်းလျက် ရှိကြောင်း သိရသည်။
Jul 23,2021
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသည့် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးနှင့် လုံလောက်စွာ ရရှိနိုင်ရေး အတွက် အောက်ဆီဂျင်ထုတ်စက်ရုံတစ်ရုံ တည်ဆောက်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jul 23,2021
ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကဝမြို့၏ မြောက်ဘက် (ကဝ-ထုံးကြီး) ပဲခူးမြစ်ကူးတံတားအနီး မြို့အဝင်ဂိတ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် မြို့နယ်ပြင်ပထွက်ခွာသူများနှင့် မြို့တွင်းဝင် ရောက်လာသူများအား ကြပ်မက်စစ်ဆေးမှု တစ်ရပ်ကို ယမန် နေ့ နံနက်(၈:၀၀)နာရီမှ (၁၆: ၀၀) နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို မနေ့က နံနက် ၁၀နာရီ အချိန်ခန့်က ထေရဝါဒဗုဒ္ဓ သာသနာ ပြု(ဗဟို)ကျောင်းတိုက်၌ ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ပေါ်ရှိ Quarantine Center များသို့ ရောက်ရှိနေကြသူများအား ‌ပေါက်ခေါင်းမြို့ အမှတ်(၁)ရပ်ကွက်၊ ပုဗ္ဗာရုံဓမ္မရိပ်သာကျောင်း တိုက် ဆရာတော်ဦးဝိသုဒ္ဓ (နိုင်ငံတော် ကမ္မဌာနာစရိယ)မှ Quarantine Center၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ၍ ဆေးရုံတက်ရောက်ကုသနေဆဲလူနာများ၊ Volenteerများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဝန်နှင့်သူနာပြုများ၊ ဆေးရုံဝန်ထမ်းများအတွက် ထမင်းဗူး (၃၄၀)ဗူးကို ယမန်နေ့ ညစာအဖြစ် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်စေရန် အသိပညာ ပေး ဆော်ဩခြင်းကို ယ‌နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။