ပုဗ္ဗာရုံဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ဦးဝိသုဒ္ဓ (နိုင်ငံတော်ကမ္မဌာနာစရိယ)မှ Quarantine Center များသို့ ထမင်းဗူးများ လှူဒါန်း

ပေါက်ခေါင်း ဇူလိုင် ၂၃
 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ပေါ်ရှိ Quarantine Center များသို့ ရောက်ရှိနေကြသူများအား ‌ပေါက်ခေါင်းမြို့ အမှတ်(၁)ရပ်ကွက်၊ ပုဗ္ဗာရုံဓမ္မရိပ်သာကျောင်း
တိုက် ဆရာတော်ဦးဝိသုဒ္ဓ (နိုင်ငံတော် ကမ္မဌာနာစရိယ)မှ Quarantine Center၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ၍ ဆေးရုံတက်ရောက်ကုသနေဆဲလူနာများ၊ Volenteerများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဝန်နှင့်သူနာပြုများ၊ ဆေးရုံဝန်ထမ်းများအတွက် ထမင်းဗူး (၃၄၀)ဗူးကို ယမန်နေ့ ညစာအဖြစ် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါညစာထမင်းဗူး(၃၄၀)ဗူးများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့မအားကစားရုံ ယာယီကုသရေးစင်တာ၊ အထက(အိုးဘိုကုန်း) ယာယီကုသရေးစင်တာ၊ နာရေးကူညီမှုအသင်း၊ ကရုဏာရောင်ခြည်အသင်း၊ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်၊ အမှတ်(၁)ရပ်ကွက် CBFQ များသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။


ပေါက်ခေါင်းမြို့တွင် ဇူလိုင်လ ၂၂ရက်နေ့၊နေ့လည် ၁၂နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ မြို့နယ်ပြည်သူ့ဆေးရုံတွင် (၅၇)ဦး၊ တောင်လည်တိုက်နယ်ဆေးရုံတွင် (၁၄)ဦး၊ ဓမ္မသော်တိုက်နယ်ဆေးရုံတွင် (၁၃)ဦး၊ မြို့မအားကစားကွင်း ယာယီကုသရေးစင်တာတွင် (၄၁)ဦး၊ အထက(အိုးဘိုကုန်း) ယာယီကုသရေးစင်တာတွင် (၉၄)ဦး၊ အင်ငါးခွသကြားစက် ယာယီကုသရေးစင်တာတွင် (၂၀)ဦး၊၊စုစုပေါင်း (၂၃၉)ဦး၊ သေဆုံးသူ (၃)ဦးရှိ‌ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ဥမ္မာကျော်