မူဆယ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ကူးစက်လူနာ တိုးပွား လာပါသဖြင့်အရေးပေါ်လိုအပ်လျက်ရှိသော အောက်စီဂျင်ဗူးများနှင့် ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးများကို စေတနာရှင် လုပ်ငန်းရှင်များကလည်းအဆက်မပျက် လာရောက်လှူဒါန်းလျက် ရှိကြောင်း သိရသည်။
ထို့နောက် ယမန်နေ့ နေ့လည်တွင် မူဆယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း JUNCTION RIVER TRADING မိသားစုမှ COVID-19 တတိယလှိုင်းကြောင့် မူဆယ်ပြည်သူ့ဆေးရုံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော Oxygen Concentrator 10L - 10လုံး (ကျင်းလုံမြန်မာမှ 5လုံး အပါ) ၊PPE - အထည် -60၊ KN-95 - 200ခု၊ တရုတ် တိုင်းရင်းဆေး (LIANHUAQINWEN) 24လုံးပါ 525 ဗူး(လူနာ-150 စာ) စုစုပေါင်း တန်ဖိုးကျပ် ၂၀၄၆၀၀၀၀ ကို မူဆယ် ပြည်သူ့ဆေးရုံသို့ သွားရောက် လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းပစ္စည်းနှင့်ဆေးဝါးများကို မူဆယ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်ဟန်နိုင်စိုးက လက်ခံရယူလျက် ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အယ်လ်စိုး(မူဆယ်)