မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား Mask နှင့် Hand Gel များထောက်ပံ့

ဖယ်ခုံ ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ခုနှစ်ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ယနေ့ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့ပေါ်၌ ရပ်ကွက် ခုနှစ်ရပ်ကွက်ရှိပြီး ဒေသခံပြည်သူများက ရပ်ကွက်အ၀င်အထွက် များတွင် ကိုယ့်အားကိုယ်ကိုး ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ၌ ကိုယ်ပူချိန်တိုင်းခြင်း၊ Mask စနစ်တကျ တပ်ဆင်စေခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့အတူ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင်လည်း ကိုယ်ထူကိုယ်ထ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ထားရှိခြင်း၊ လူအ၀င်အထွက် ကန့်သတ်ထိန်းချုပ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

အဆိုပါ မြို့ပေါ်ရပ်ကွက်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသေရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်သူ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးအေးသွင်ဦးနှင့် တာ၀န်ရှိသူများက Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်တွင် ယနေ့အထိ စုစုပေါင်း ကိုဗစ်-၁၉ (Positive) လူနာ ၄၄ ဦးရှိပြီဖြစ်ကြောင်း၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၂၄ ဦးရှိပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း သိရှိရသည်။ (Positive) လူနာများနှင့် ဆက်စပ်ထိတွေ့သူများနှင့် ၎င်းပုဂ္ဂိုလ်များနေထိုင်သည့် နေအိမ်များအား မြို့နယ် ကြက်ခြေနီ သူနာပြုအဖွဲ့မှ ဆေးဖြန်းခြင်းများ ဆောင်ရွက်ပြီး အသွားအလာကန့်သတ်ထား ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

ဆေးရုံသို့ လာရောက်ပြသသော လူနာများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် နိုင်ရန်အတွက် အမှန်အတိုင်းပြောရန် လိုအပ်ကြောင်း၊ အကယ်၌ Positive လူနာနှင့်ထိတွေ့မှုရှိ ၍ ဖျားနာပါက ကျန်းမာရေးဌာန ဖုန်း ၀၈၁-၂၃၅၆၀၀၆ သို့ ဆက်သွယ်မေးမြန်ဆွေးနွေး နိုင်ပါကြောင်း ကျန်မာရေးဌာနမှ အသိပေးနိုးဆော်ထားကြောင်း သတင်းရရှိသည်။