ရသေ့တောင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်   စီစဉ်ဆောင်ရွက်ရှိ

ရသေ့တောင် ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသည့် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးနှင့် လုံလောက်စွာ ရရှိနိုင်ရေး အတွက် အောက်ဆီဂျင်ထုတ်စက်ရုံတစ်ရုံ တည်ဆောက်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်  ဦးသန်းနိုင် (လွှတ်တော် ကိုယ်စား လှယ်ဟောင်း) မိသားစုမှ ငွေကျပ်သိန်း(၁၀၀)မတည်ကာ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများမှ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအတွက်  အလှူငွေများအား ထည့်ဝင်လှူဒါန်းလျက်ရှိသည်။

ရသေ့တောင်မြို့နယ်သည် ရေလမ်းခရီးကိုသာ အားကိုးနေရသည့် မြို့နယ်တစ်ခုဖြစ်၍ အရေးပေါ် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်ကိုအချိန်မီ ပေးနိုင်ရေးနှင့် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ အဆိုပါအောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီကို အဖွဲ့ဝင်(၂၃)ဦးဖြင့်  စတင်ဖွဲ့စည်းခဲ့ပြီး စေတနာရှင်ပြည်သူများမှ ဇူလိုင် ၂၂ရက်နေ့ထိ  ထည့်ဝင်လှူဒါန်းငွေကျပ် သိန်း(၆၀၀)ဝန်းကျင် ရရှိပြီးဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိအောက်ဆီဂျင် ရရှိမှုမှာ ၄၀ လီတာ စလန်ဒါအိုး (၁၈)လုံး၊ 5L အောက်ဆီဂျင် Concentrator (၆)လုံး စုစုပေါင်း(၂၄)လုံး ရှိသည့်အနက် ၄၀ လီတာအိုး ၄ လုံးနှင့် 5L အောက်ဆီဂျင် Concetrator ၄ လုံးတို့အား သုံးစွဲခဲ့ပြီး  အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးပါက တစ်နေ့ကို ၄၀ လီတာအိုးအလုံး ၃၀ မှ ၅၀ လုံးထိ ထုတ်လုပ်နိုင်မည်ဖြစ်‌ပြီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် စက်နှင့် အဆောက်အဦအပါအဝင် ကုန်ကျမည့်ငွေမှာ ကျပ်သိန်း(၁၂၀၀)ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

အောင်စံထွန်း