နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၃

နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်က အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ Stay at Home သတ်မှတ်ထားသည့် နယ်မြေများကို စည်းကမ်းချက်များနှင့်အညီ နေထိုင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ Stay at Home သတ်မှတ်ထားသည့် နေရာများတွင် ဝင်ထွက်သွားလာမှုများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အောင်ဆီဂျင်ထုတ်လုပ်မှုနှင့် ဖြန့်ဝေမှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးဆောင် ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်ကြသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ထွန်းထွန်းဝင်း