ပေါက်ခေါင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း စစ်ဆေးရေးကော်မတီတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပေါက်ခေါင်း မြို့ရှိ ဆေးဆိုင်များနှင့် အခြေခံစားသောက်ကုန်ဆိုင်များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီဖွင့်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်များနှင့် အခြေခံစားသောက်ကုန်ဆိုင်များတွင် စစ်ဆေးရာ၌ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် လတ်တလော အသက်ရှုလမ်းကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြစ်သည့် Mask ၊ Face Shield ၊ လက်သန့်ဆေးရည်များကို သင့်တော်သော စျေးနှုန်းမြှင့်ရောင်းချခြင်း ရှိ/မရှိ ၊ ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့် ညီ/မညီ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကော်မတီဝင်များ က ပြည်သူလူထုအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး ၊ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ် ၆ ပေအကွာမှသာ တန်းစီဝယ်ယူနိုင်ရေး၊ အရည်အသွေး ပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါး/ဆေးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ကြောင်းသိရသည်။
ဥမ္မာကျော်(ပေါက်ခေါင်းပြန်/ဆက်)