တိုက်ကြီး ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဝေဒနာရှင်များ အောက်ဆီဂျင်များ လုံလောက်စွာ ရရှိရေးအတွက် အောက်စီဂျင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်များ ဖြန့်ဝေရာတွင် တိုက်ကြီးပြည်သူ့ဆေးရုံ အတွက် 40 liter အိုး (၁၀)အိုး၊ အဖျောက်တိုက်နယ်ဆေးရုံအတွက် 40 liter အိုး(၅)အိုး၊ ဥက္ကံတိုက်နယ်ဆေးရုံအတွက် 40 liter အိုး (၇)အိုး နှင့် တော်လတီတိုက်နယ်ဆေးရုံ အတွက် 40 liter အိုး (၃)အိုးတို့ကိုဖြန့်ဝေ ပေးခဲ့ပါသည်။ ထိုသို့ အောက်စီဂျင်အိုးများ ဖြန့်ဝေရာတွင် လာရောက်ထုတ်ယူသူများကို အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ အဖျောက်မြို့၊ ဥက္ကံမြို့များရှိ ပြည်သူများ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူများ အောက်ဆီဂျင်များ လုံလောက်စွာ ရရှိရေးအတွက် အခက်အခဲများဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။
စန်းကလျာခိုင်