ကျိုင်းတုံ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ဇူလိုင် ၂၃ ရက် က ဌာနဆိုင်ရာ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသောနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ မီသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှားခေါင်းစည်း (mask) များ စနစ်တကျ တပ်ဆင်စေရေး၊ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီနေထိုင်စေရေးတို့ကို အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။