Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ယင်းမာပင်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး…
Jul 27,2021
မေး ။ ယင်းမာပင်မြို့နယ်မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သတ်ပြီး လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ် ရှင်းပြပေးစေလိုပါတယ်။ ဖြေ ။ ကိုဗစ်-၁၉ ရောဂါလို့သတ်မှတ်ရင် (၂)မျိုးရှိပါတယ် ။ ကြိုတင်ကာကွယ်ခြင်း ကာကွယ်ခြင်းနှင့် ကုသခြင်း ၊ တကိုယ်ရေကာကွယ်ခြင်းကတော့ တစ်ဉီးနှင့်တစ်ဦး (၆)ပေခွာ နေထိုင်ရန် ၊ နှာခေါင်းစည်း (Mask) တို့ တပ်ဆင်ရမည် ၊လက်ကို ဆပ်ပြာနှင့် ဆေးကြောရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဆောင်ရွက်ရမယ် အစရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးပါတယ် ၊ အများနှင့်သက်ဆိုင်သော ကာကွယ်ခြင်း ၊ဆေးဖျန်းခြင်းလုပ်ငန်း ကိုလည်း ဆောင်ရွက်ပေးနေပါတယ် ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့်လည်း လိုက်လံ နှိုးဆော် ဆောင်ရွက်နေပါတယ် ၊ ပြည်ပပြန်လာသူများနှင့် Stay Home မြို့နယ်များမှ ပြန်လာသူများကို လည်း သီးခြားနေထိုင်ရန် စင်တာများကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အထူး ကာကွယ်ခြင်းကို ကာကွယ်ဆေးထိုးခြင်းကို ဖေဖော်ဝါရီလနှင့်မတ်လတို့ မှစ၍ ယနေ့ အချိန်အထိ ကာကွယ်ဆေးထိုးရန်အတွက် ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ပေးပါတယ် ။ ပိုးတွေ့လူနာ များကိုလည်း သီးခြားထားပြီးကုသပေးလျက် ရှိပါတယ် ။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သုံးလုံး-ဟိန္ဒါးကားလမ်း ပေါ်ရှိ ကျေးရွာချင်းဆက် ချဉ်းကပ်တံတား ချောင်းရေတိုက်စားမှုကြေ…
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သုံးလုံး-ဟိန္ဒါးကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက် ချဉ်းကပ်တံတားသည် ဇူလိုင်လ ၂၆ ရက်နေ့က ချောင်းရေတိုက်စားမှုကြောင့် ပြို့ကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မိုးဆန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များတွေ့ဆုံမေ…
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မိုးဆန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင် ၂၇ ရက်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း
Jul 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပေးပို့လှူဒါန်းသော PPE ဝတ်စုံနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ညနေ ၃ နာရီအချိန် က အဆိုပါဆေးရုံ၌ လှူဒါန်းခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သ…
Jul 27,2021
မေး။ ။ မိုင်းယောင်းမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားနေမှု အခြေအနေများကို ဖြေကြားပေးပါအုံး ခင်ဗျာ။ ဖြေ။ ။ ကျွန်တော်ကတော့ မိုင်းယောင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှာဆိုရင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်ပွားစဉ်ကာလအတွင်းက ၄-၁၂-၂၀၂၀ ရက်နေ့ကနေပြီးတော့မှ ၁၆-၁-၂၀၂၁ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးတွေ့လူနာပေါင်း (၁၆) ဦးရှိခဲ့ပါတယ်။ ယခုကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားစဉ်ကာလမှာ ၅-၇-၂၀၂၁ ကနေပြီးတော့မှ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ မိုင်းယောင်းမှာ(၈)ဦးနှင့် မိုင်းယုမှာ(၂)ဦး စုစုပေါင်း (၁၀)ဦး ရှိပါတယ်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံတွင်တောင်မြေပြိုကျခြင်းကြောင့်လူနေအိမ်(၃)လုံးပျက်စီးပြီးလူတစ်ဦးပျောက်ဆုံးနေ
Jul 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ ညနေ (၅)နာရီအချိန်ခန့်က ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် တောင်မြေပြိုကျမှု များဖြစ်ပေါ် လျက်ရှိပြီး မြေပြိုကျခြင်းကြေင့်အမျိုးသမီးတစ်ဦးပျောက်ဆုံးနေပြီး အိမ်ခြေ(၃)လုံးပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ သောင်ရင်းမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးမှုဖြစ်ပွားသဖြင့် လူဦးရေ ၁၄၀၀ ကျော် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့
Jul 27,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ယမန်နေ့ ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်း၍ အဆိုပါ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများတွင် ရေကြီးမှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာကူညီဆောင်ရွက်လျှက်ရှိသည့် ပရဟိတအဖွဲ့ဝင်များအား ထောက်ပံ့ငွေလှူဒါန်းပေးအပ်
Jul 27,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိ/မြို့ဖစေတနာရှင် မိသားစုက ယမန်နေ့က ကူညီထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25957
Page
25958
Page
25959
Page
25960
Current page
25961
Page
25962
Page
25963
Page
25964
Page
25965
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department