Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုး (၁၁၀၅)လုံး နှင့် အခြားကျန်းမာရေးအထောက်အကူပစ္စည်းများ ထပ်မံဝင်ရောက်
Jul 27,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၁) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင် (၄၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၇၀၀)လုံးနှင့် တစ်လုံးလျှင် အောက်ဆီဂျင် (၃၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၁၉၂)လုံး၊ (၃၈)လီတာဆံ့ အောက်ဆီဂျင်အိုးအလွတ် (၂၁၃)လုံး၊ (Medical Regulator) (၁)ဖာလျှင်(၂၀)ခုပါ(၂၆)ဖာ၊ နှာခေါင်းစည်း (Mask) (၉၀၀၆)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃၁၃)လုံး PPEဝတ်စုံ (၇၇၄)ဖာ၊ Oximeter (၁)ဖာလျှင် (၁၀၀)ခုပါ (၁)ဖာ၊ ဆေးဖာ(၁၁၀)ဖာတို့အား တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချပ်ရေး ဦးစီးဌာနရုံးခန်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများထုတ်ပေးလျက်ရှိ
Jul 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်စင်စားမိဘပြည်သူများ အတွက် ပင်စင်လစာငွေများကို ယမန်နေ့မှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်၌ တရုတ်နိုင်ငံမှ ပြန်လာသူများကို ဆေးစစ်ပေးခြင်း၊ အိမ် ပြန်နိုင်ရန်စီစဉ်ပေး
Jul 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ၊မူဆယ်မြို့သည် တရုတ်နိုင်ငံ နယ်စပ် ဒေသနယ်နမိတ် ထိစပ်လျှက် ပို့ကုန်/သွင်းကုန်ဆောင်ရွက်ရသော နယ်စပ်ကုန်သွယ်ရေးဂိတ်(၅)ခုရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်အတွင်း အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများအား အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေ
Jul 27,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူ လူနာများ အောက်ဆီဂျင်လုံလောက်မှုမရှိဘဲ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အောက်ဆီဂျင် အမှန်တကယ်လိုအပ်နေသူများအား မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီ၏ ကြီးကြပ်မှုဖြင့် လီတာ (၄၀)ဆံ့ အောက်ဆီဂျင် (၁၀)အိုးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သည့် အောင်ဆီဂျင်စက်တည် ဆောက်သွားမည်
Jul 27,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနေသူများ အောင်ဆီဂျင် လိုအပ်ချက်များအတွက်နှင့် ကျန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်မှုများကို အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် အောင်ဆီဂျင်စက်ရုံကို ဖြူးမြို့ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေး ရုံဝင်းအတွင်း မြေနေရာလွတ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးခြင်းဆောင်ရွက်
Jul 27,2021
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်တွင် နေထိုင်ရေး Stay At Home အစီအစဉ်တွင် ပါဝင်လာပြီး နေအိမ်ပြင်ပထွက်သွားလာခွင့်ရှိသူများ အား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်၍ ဌာနဆိုင်ရာများစုပေါင်းကာ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးကို ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်မည့် Oxygen Plant စက် ဩဂုတ်လတွင် မြိတ်မြို့သို့ ရောက်ရှိ တပ်ဆင်မည်
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက် Oxygen Plant စက်ကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြု ကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားရှိပြီး ဩဂုတ်လအတွင်း မြိတ်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25955
Page
25956
Page
25957
Page
25958
Current page
25959
Page
25960
Page
25961
Page
25962
Page
25963
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department