ချောင်းဆုံတွင်တောင်မြေပြိုကျခြင်းကြောင့်လူနေအိမ်(၃)လုံးပျက်စီးပြီးလူတစ်ဦးပျောက်ဆုံးနေ

ချောင်းဆုံ ဇူလိုင်၂၇    

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ ညနေ (၅)နာရီအချိန်ခန့်က ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် တောင်မြေပြိုကျမှု များဖြစ်ပေါ် လျက်ရှိပြီး မြေပြိုကျခြင်းကြေင့်အမျိုးသမီးတစ်ဦးပျောက်ဆုံးနေပြီး အိမ်ခြေ(၃)လုံးပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

 အဆိုပါဖြစ်စဉ်တွင် ကွမ်ရိုက်ကျေးရွာ ရပ်ကွက်(၈)တောင်မြေပြိုကျခြင်းကြောင့် RC တစ်ထပ်တိုက်မှာ မြေစာပိ၍ ပျက်စီးနေပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊  ပျောက်ဆုံးနေသည့် အမျိုးသမီးအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ထပ်မံ၍ မြေပြိုကျသဖြင့် ပျဉ်ထောင်တစ်ထပ်အိမ်တစ်လုံးနှင့် (၄၀ပေ,၁၈ပေ)ရှိ ပျဉ်ထောင်နှစ်ထပ်အိမ်မှာ လှေကားထိခိုက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ စုစုပေါင်း အိမ်ခြေ(၃)လုံးပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ(၈၂)သိန်းခန့် ရှိ ကြောင်း၊ ညနေ(၆)နာရီခန့်တွင် မိုးများသည်းထန်စွာရွာသွန်းပြီး ထပ်မံ၍မြေများပြိုကျလာခြင်းကြောင့် အန္တရာယ်ကြုံတွေ့နိုင်သည့် အိမ်ထောင်စု (၅၅)စုအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီး ကွမ်ရိုက် (အ.ထ.က)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများမှ စီစဉ်ဆောင်ရွက် ထားကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များကိုလည်း ဆက်လက ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ ကဒါကျေးရွာ ရပ်ကွက်(၁၃)တွင်လည်း တောင်မြေပြိုကျခြင်း ကြောင့် (၁၅ပေ,၃၀ပေ)ရှိ ပျဉ်ထောင်တစ်ထပ် မှာမြေစာပိ၍ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)