နောင်ချို ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပေးပို့လှူဒါန်းသော PPE ဝတ်စုံနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ညနေ ၃ နာရီအချိန် က အဆိုပါဆေးရုံ၌ လှူဒါန်းခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
လှူဒါန်းရာတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စား မစခ(၉၀၂)မှ တိုင်းအဆင့် စည်းရုံးရေးကော် မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးနိုင်ဝင်းနှင့် တာဝန်ရှိသူများက PPE ဝတ်စုံ (ဖြူ /ပြာ) ၅၀ စုံ၊ နှာခေါင်းစည်း Mask ၁၀၀၀ ခု၊ Hand Gel (၄၈)ဘူး ရေမလိုလက်သန့်ဆေးရည် (၄၈)ဘူးနှင့် တောင်းခမ်းတပ်နယ်မှ ကြက်ဥ တို့ကို လှူဒါန်းပေးခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကိုတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမားရေးသုံးပစ္စည်းများကို နောင်ချိုမြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)