Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝေးလံခေါင်သီ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များ လှူဒါန်း
Feb 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များကို မယ်စဲ့မြို့မကျောင်းတိုက် ဆရာတော်ဦးဩဇေယျနှင့်အဖွဲ့က ယမန်နေ့က အ.မ.က(နမ့်ဟူး)နှင့် မူလွန်(ဟိုဂျစ်)တို့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၃၇)ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ မိုးညှင်းတွင်ကျင်းပ
Feb 26,2020
(၃၇)ကြိမ်မြောက် ကချင်ပြည်နယ် လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ ဥတ္တရာမကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ ကျင်းပရာ မြို့နယ် အသီးသီးရှိ ကျောင်းတိုက်များမှ စာဖြေ သံဃာတော်များနှင့် စာဖြေသီလရှင် ဆရာလေးများ စုစုပေါင်း ၁၀၂ ပါး ဝင်ရောက် ဖြေဆို ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများ အခမဲ့ ဖြန့်ဝေ ပေးသွားမည်
Feb 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု(၃၀)မှ ကျေးရွာ(၃၃၀)ရွာရှိ အိမ်ထောင်စု (၁၈၀၀၀)ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေး သင်တန်း ဖွင့်လှစ်
Feb 26,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၁)နာရီတွင် ချီဖွေမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ အသက်မွေးဝမ်းကျောင်းအထောက်ကူပြု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 26,2020
တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမည့် အလားအလာ ရှိသော တောင်စောင်းစိုက်ပျိုးရေးစနစ်ကို တောင်သူများကိုယ်တိုင် ကျင့်သုံးစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုလျော့နည်းပပျောက်ရေး ဒေသခံတောင်သူများအား ကွင်းဆင်း အသိပညာ ပေးခြင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ တောင်သူ ၃၈ အား မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်များပေးအပ်
Feb 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြိုနယ်တွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ မိုးစပါးရာသီ ၌ လျှောက်ထားခဲ့သော တောင်သူ ၃၈ ဦးအား မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 26,2020
ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အာဟာရမှန်ကန်စွာ ကျွေးမွေးနိုင်ရေး ချမ့်စ်ကလေးအားဆေးက ကြီးမှူးပြီး ချင်းပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကလေးများဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအချိန်ထိ ချင်းပြည်နယ်ဟားခါးမြို့ Carson Hall ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ (Book Club) အသင်း၏ စာဖတ်ဝိုင်းပြုလုပ်
Feb 25,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်ဦးညို ရေးသားထားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25866
Page
25867
Page
25868
Page
25869
Current page
25870
Page
25871
Page
25872
Page
25873
Page
25874
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department