အမြို့မြို့အနယ်နယ်သတင်းများ

Aug 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နမ့်စန်တပ်နယ်မှူးနှင့် မြို့နယ်မှတာဝန်ရှိသူများက ပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ ရဟန်းသံဃာနှင့် သီလရှင်များအတွက် ဆွမ်းဆန် အိတ်များကို ယမန်နေ့ နေ့လယ် ၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 03,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ နယ်အကျဉ်းထောင်ရှိ အချုပ်သား/သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့ နေလယ်(၂)နာရီ အချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန အဆောင်(၁)ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Aug 03,2021
နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီ မြို့နယ်တွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု များအား စုရပ် ၇ နေရာတွင် ယနေ့ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Aug 03,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတ(Volunteer)၊ သာသနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell) ပထမအကြိမ် ထိုးနှံပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
Aug 03,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharn) စတင်ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက် နှင့် အမှတ်(၃)ရပ်ကွက် တို့အား တစ်ပြိုင်တည်း စတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Aug 03,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၂၁)ဦးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။
Aug 03,2021
စစ်ကိုင်းတိုင်း​ဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် စတင်ထိုးနှံ​ပေးကြောင်း သိရသည်။