ရှမ်းရွာသစ် ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်ဦးညို ရေးသားထားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Book Club)အဖွဲ့ဝင် ဦးစည်သူမျိုးက စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် ဗဟုသုတများဖြင့် အမှား/အမှန် အကျိုးဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် (Book Club)အဖွဲ့ဝင်များက စာရေးဆရာ ချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း” စာအုပ်တွင် ပါရှိသည့်အကြောင်းအရာများကို ဆွေးနွေးကြရာ ဦးစည်သူမျိုးက “ယဉ်ကျေးမှု ဝေါဟာရ အကြောင်းကိုလည်းကောင်း”၊ ဦးနန္ဒအောင်က “ယဉ်ကျေးမှု(၃)မျိုးအကြောင်းကိုလည်းကောင်း”၊ ဒေါ်ဇင်မိုးအေားက “တိုးတက်ခြင်းဆုတ်ယုတ်ခြင်း”နှင့် ယဉ်ကျေးမှုအကြောင်းအရာများတို့ကို ဦးဆောင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများအဖွဲ့ဝင်များက သိရှိလိုသည်များကို (Book Club) အဖွဲ့ဝင် တာဝန်ရှိသူများအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ဝေဠု (ပြန်/ဆက်)