Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လေးမျက်နှာမြို့နယ်တွင် စျေးနှင့်သုသာန်များအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
Aug 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေး၊ သုသာန်နှင့် သဂြိုလ်စက်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများမှ သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရပ်ကွက်များတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသူများမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ပခုက္ကူမြို့၊ ဒေသန္တရ ကျန်းမာရေး ဌာနခွဲ(၁)နှင့်(၂)တို့တွင် ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသရှိ ပြည်သူများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထား
Aug 03,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဩဂုတ်၁ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၀၂၂စင်တီမီတာ အထက် ၂ စင်တီမီတာ ကျော်လွန်မြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းဒေသတွင် နေထိုင်ကြသော ပြည်သူများအား ယနေ့ နံနက်ပိုင်းက ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်၌ Sinopharm(CHINA)ထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 03,2021
ရမည်းသင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Sinopharm (CHINA)ထုတ် ကိုဗစ်ကာကွယ်ဆေး ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ရမည်းသင်းမြို့ သီလဝခန်းမ၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံပေး
Aug 03,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက် မှုကို လျှော့ချနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦး ဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား (၈၀၀)ဦးကို နှစ်နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinopharm အမျိုးအစား ကိုဗစ်−၁၉ Vaccine များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က နမ့်ခုံးရှမ်းများ ပရဟိတခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး ဆော်သြခြင်းများ ဆောင်ရွက်
Aug 03,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အတွင်းရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းကျေးရွာအဝင် တံတားချည်း ကပ်မြေသား အနည်းငယ်ပျက်စီး
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဩဂုတ် ၁ ရက်ည ၉ နာရီခန့်မှ ယမန်နေ့ နံနက် ၈ နာရီခန့် အထိ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဘလူ-ထန်းကုန်း-ကာဘိုးလမ်း ပေါ်ရှိ ချင်မြစ်ကျင်းကျေးရွာအဂင် အုတ်ခံဖောင်ဒေးရှင်း သစ်သားကြမ်းခင်းတံတားသည် ရေတိုက်စားမှုကြောင့် တံတားချည်းကပ်မြေသား အကျယ် ၁၀ ပေခန့် ပျက်စီးသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25869
Page
25870
Page
25871
Page
25872
Current page
25873
Page
25874
Page
25875
Page
25876
Page
25877
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department