အမြို့မြို့အနယ်နယ်သတင်းများ

Aug 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အုန်းပင်စုရပ်ကွက်၊ အ.ထ.က(၁) ယုဇနခန်းမတွင် ရွှေဆံတော်ရပ်ကွက်ရှိ အသက် ၆၅ နှစ် အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
Aug 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် ကာကွယ်ဆေးမထိုးနှံရသေး သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 03,2021
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်− ၁၉ ရောဂါကာကွယ်ဆေးအား ယခင်မထိုးနှံသေးသည့် အသက် ၆၅ နှစ်အထက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ ပြည်သူများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်မှ စတင်၍ထိုးနှံပေးခဲ့သည်။
Aug 03,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီး အဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့တန်ထမ်းများ၊ သံဃာတော်နှင့် သာသနာ့အနွယ်ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ စသဖြင့် ဦးစားပေးအစီအစဉ်အဖြင့် (တတိယ)နေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာ ဆေးထိုးစုရပ်နေရာများတွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
Aug 03,2021
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများအား ရောဂါကာကွယ်ရေး ၊ ရောဂါ မပြန့်ပွား စေရေးများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား အသိပညာပေးသင်တန်း အပတ်စဉ်(၁) နှင့်(၂) တို့ကို ကျန်းမာရေးဦးစီးဌာန နှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁ ရက်နေ့ မှ ၂ ရက်နေ့တို့တွင် စေတနာ့ ဝန်ထမ်း(၁၁၆) ဦးတို့အား Online ဖြင့် သက်ဆိုင်ဘာသာရပ်များအလိုက် ပို့ချပေးခဲ့သည်။
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက်ရှိသည့် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဩဂုတ်လ(၃) ရက်နေ့၊ နံနက်(၈)နာရီအချိန်မှစ၍ ကသာမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း နှင့် မြို့တော်ခန်းမနေရာများ၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။