အမြို့မြို့အနယ်နယ်သတင်းများ

Aug 03,2021
ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဆေးရုံများ၌  ၁-၈-၂၀၂၁ ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများနှင့် ၎င်းတို့နှင့်ထိတွေ့ ဆက်ဆပ်သူ(၅၆) ဦးတို့အား    Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၅) ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၂) ဦး ၊  လိုခါးလို အထက Positive Medical Centre တွင် (၂၃) ဦး ထားရှိကုသပေးလျက်ရှိသည်။
Aug 03,2021
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၅/၂၀၂၁)ကို ယမန်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Aug 03,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ Quarantine Center များနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Aug 03,2021
မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်၊ ပန်စရာရပ်ရပ်၊ အေးရိပ်သာလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၏အနောက်ဘက် အမိုးပေါ်သို့ သစ်ပင်ပြို လှဲကာ တစ်စိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ်တစ်လုံး ထိခိုက်ခဲ့ရာ အဆိုပါ အိမ်ထောင်စုအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် များပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID-19) ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင် စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
Aug 03,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကိုစိုင်းခွန်ဖုန်း-မလေး (Forever)စားသောက်ဆိုင်နှင့် ကိုအောင်‌ရွှေဦး-မမီးမီး(ပစ်တိုင်းထောင်) ဆေးဆိုင်တို့က RDT Test Kit (၉၅)ခု ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ပြည့်ကိုကိုက လက်ခံရယူခဲ့သည်။
Aug 03,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံပေးရာ ယနေ့တွင်ဟိုပန်မြို့၊ “ဝ”ဘုရားရှစ်ခိုးကျောင်းတွင် နံနက်(၉)နာရီမှစ၍ (တတိယနေ့)ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။