အမြို့မြို့အနယ်နယ်သတင်းများ

Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အတွင်း သတ်မှတ်နေရာအသီးသီး၌ စတင်ထိုးနှံပေး ကြောင်း သိရသည်။
Aug 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကိုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask စနစ်တကျ တပ်ဆင် သွားလာစေရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီအချိန်က လူစည်းကားရာ နေရာများဖြစ်သော ရန်ကုန်-ပြည်လမ်းရွှေလင်းခန်းမရှေ့နှင့် စျေးလမ်းလမ်းဆုံလမ်းခွများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဒီပဲယင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေဝါမြေခန်းမတွင် ယနေ့ နံနက် ၈ နာရီမှ နေလယ် ၁ နာရီအထိ ထိုးနှံပေးလျက်ရှိေကြာင်း သိရသည်။
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများ အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် မက်မန်းမြို့ ပြည်သူ့ဆေးရုံတွင် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ထိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။ မက်မန်းမြို့နယ် အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘ ပြည်သူနှင့် ဦးစားပေးအစီအစဉ်ဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော် များနှင့် စေတနာဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားခဲ့ကြောင်း သိရ သည်။
Aug 03,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၅/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
Aug 03,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Vero(Sinopharm) စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ထီးလင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေး ရွာအုပ်စု တီကျစ် အ.ထ.ကကျောင်း၌ ဦးစားပေးအစီအစဉ်အလိုက် ယနေ့တွင် ကိုဗစ်ကာကွယ် ဆေး ထိုးနှံပေးသည်။